ဘုတ်အဖွဲ့ဝင်များ

blank

Mr. HAN Ken, မန်နေဂျင်းဒါရိုက်တာ

ဂျပန်လူမျိုး Mr. HAN Ken သည် (၂၀၀၀) ခုနှစ်တွင် မာရုဟန်ကော်ပိုရေးရှင်းကို ဝင်ရောက်ခဲ့ပါသည်။ (၂၀၁၇) ခုနှစ်တွင် မာရုဟန်ကော်ပိုရေးရှင်း၏ ဒါရိုက်တာအဖြစ်၊ (၂၀၁၄) ခုနှစ်တွင် မန်နေဂျင်းဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရပြီး လုပ်ငန်းချဲ့ထွင်သောအချိန်တွင် Finance and Accounting ဌာန၌ ဘဏ္ဍာရေး အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားပါသည်။ ထို့အပြင် မာရုဟန်အုပ်စု၏ အရှေ့တောင်အာရှ စီးပွားရေးလှုပ်ရှားမှုများ၌ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် ဉက္ကဌအဖြစ် လည်းကောင်း၊ SATHAPANA Bank Plc ၏ ဒါရိုက်တာအဖြစ်လည်းကောင်း၊ MARUHAN Japan Bank Lao ၏ ဒါရိုက်တာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေပါသည်။ MARUHAN Japan ASEAN Financial Group ၏ စင်ကာပူအခြေစိုက် ဘဏ္ဍာရေးဌာနချုပ် ဖြစ်သော Mr. HAN Ken သည် (၁၉၉၇) ခုနှစ်တွင် DOSHISHA တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့ပါသည်။

blank

Dr. HAN Chang-Woo, ဒါရိုက်တာ

ဂျပန်လူမျိုး Dr. HAN Chang-Woo, Director သည် ဂေါက်ရိုက်ကွင်းများ၊ ဂေါက်ရိုက်လေ့ကျင့်ကွင်းများ၊ ဘိုးလင်းရုံများ ၊ ဂိမ်းစင်တာများ ၊ စားသောက်ဆိုင်များ နှင့် ပန်ချင်ကိုပါလာ ကစားရုံများ အစရှိသည့် ဖျော်ဖြေရေးလုပ်ငန်းများကို ခန့်ခွဲစီမံသော MARUHAN Corporation of Japan ၏တည်ထောင်သူ ၊ ဉက္ကဌ အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ Dr. HAN Chang-Woo သည် MARUHAN ကော်ပိုရေးရှင်းကို (၁၉၅၇) တွင်တည်ထောင်ခဲ့ပြီး နှစ်စဉ်ရောင်းရငွေ အမေရိကန်ဒေါ်လာ (၂၇) ဘီလီယံ ကျော်ထိ စီးပွားရေးလျှင်မြန် တိုးတက်အောင် လုပ်ဆောင်ခဲ့ပါသည်။ MARUHAN ကော်ပိုရေးရှင်းကို ဂျပန်နိုင်ငံရှိ သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်တွင် ဉီးဆောင်ဉီးရွက် ပြုနေသော ကုမ္ပဏီအဖြစ် သိကြပါသည်။ ကုမ္ပဏီ၏ စီးပွားရေးတိုးတက် အောင်မြင်မှုကို Dr. HAN Chang-Woo သည် customer စိတ်ကျေနပ်မှုရရှိရန် အားသွန်ခွန်စိုက် ကြိုးစားမှုနှင့် စိန်ခေါ်မှုများကို ကြိုဆိုသော စိတ်ဓာတ်ဖြင့်တည်ဆောက်ထားသည်။ ယခုလက်ရှိတွင် Dr. HAN Chang-Woo သည် အချို့သော အဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလျက်ရှိပါသည်။ Han Chang-Woo Tetsu Cultural Foundation တွင် အုပ်ချုပ်ရေး ဒါရိုက်တာအဖြစ် လည်းကောင်း၊ Kyoto Chapter United Nations Association of Japan ၏ အုပ်ချုပ်ရေး အရာရှိ အဖြစ်လည်းကောင်း ၊ Tokyo Philharmonic ၏ ဒါရိုက်တာအဖြစ်လည်းကောင်း လုပ်ဆောင်လျက်ရှိသည်။ Dr. HAN Chang-Woo သည် Hosei တက္ကသိုလ်မှ (၁၉၅၃) ခုနှစ်တွင် နိုင်ငံရေးစီးပွားဗေဒဘွဲ့ရရှိခဲ့ပါသည်။

blank

Mr. HAN Yu, ဒါရိုက်တာ

ဂျပန်လူမျိုး Mr. HAN Yu သည် ဝန်ထမ်း (၁၅၀၀၀) ကို ဉီးဆောင်လျက်ရှိသော MARUHAN ကော်ပိုရေးရှင်း၏ ဉက္ကဌ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်ဖြစ်သည်။ ဂျပန်နိုင်ငံရှိ ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်တွင် MARUHAN ကော်ပိုရေးရှင်းကို ထိပ်ဆုံးမှဉီးဆောင်သော ကုမ္ပဏီဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့အဆင့်မှီ ဖျော်ဖြေရေး ဝန်ဆောင်မှုပေးသော ကုမ္ပဏီဖြစ်လာရန် ရည်မှန်းချက်ထားရှိပါသည်။ Mr. HAN Yu သည်(၁၉၉၀) ခုနှစ်တွင် MARUHAN ကော်ပိုရေးရှင်းကို စတင်ဝင်ရောက်ခဲ့ပြီး Business Executive Chief နှင့် မန်နေဂျင်း ဒါရိုက်တာကဲ့သို့ အရေးပါသော အခန်းကဏ္ဍများတွင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ (၂၀၀၆) ခုနှစ်တွင် ဒုတိယဉက္ကဌအဖြစ်လည်းကောင်း ၊ (၂၀၀၈) ခုနှစ်တွင် ဉက္ကဌအဖြစ်လည်းကောင်း ခန့်အပ်ခံခဲ့ရပါသည်။ Mr. HAN Yu သည် (၁၉၈၈) ခုနှစ်တွင် Hosei တက္ကသိုလ်မှ အင်္ဂလိပ်အထူးပြု ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါသည်။

blank

Mr. KIM VADA, ဒါရိုက်တာ

Mr. KIM VADA သည် ကမ္ဘောဒီးယားအမျိုးသားဘဏ်(NBC)တွင် လုပ်သက် (၃၇) နှစ်ကျော်ရှိပြီဖြစ်သည်။ NBC ၏ Kandal ပြည်နှယ်ရုံးခွဲဌာနမှူးမှ စတင်၍ ဘဏ်များကြီးကြပ်ရေးဦးစီးဌာန၏ အထွေထွေ ဒါရိုက်တာ ဖြစ်သည် အထိ တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်အတွင်း၌ ဘဏ်နယ်ပယ်တွင် ဆုံးရှုံးမှုစီမံခန့်ခွဲရေး (ဈေးကွက် ၊ အကြွေး ၊ ငွေပေါ်လွယ်မှု ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆုံးရှုံးမှု အစရှိသည့် ကော်ပိုရေး အုပ်ချုပ်ရေး နှင့် စီးပွားရေး ဗျူဟာချမှတ်ခြင်း တို့ကဲ့သို့ အကြီးအကဲ ရာထူးများ၌ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Mr. KIM VADA သည် ၂၀၀၀ ခုနှစ်များအတွင်း ကမ္ဘောဒီးယား၌ ကောင်းစွာထိန်းညှိ ကြီးကြပ်မှုရှိသော ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိ၍ ဆုံးရှုံးမှုများမှ ရှင်သန်နိုင်သော ဘဏ်စနစ်တစ်ခုကို ပြန်လည်တည်ဆောက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို တိုက်တွန်းနှိုးဆော်ရန် ငွေကြေးစုဆောင်းခြင်းကို ထိရောက်စွာ စည်းရုံးခဲ့ပါသည်။ Mr. KIM သည် (၁၉၇၅) ခုနှစ်တွင် ဥပဒေဘွဲ့၊ (၁၉၈၅) ခုနှစ်တွင် ဘဏ်လုပ်ငန်းဆိုင်ရာဘွဲ့ နှင့် (၂၀၀၃) ခုနှစ်တွင် Australia နိုင်ငံ Charles Sturt တက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့ကို ဘဏ္ဍာရေးအထူးပြုဖြင့်ရရှိခဲ့ပါသည်။ Mr. KIM သည် ကမ္ဘောဒီးယားနိုင်ငံရှိ လူသိများသော တက္ကသိုလ်အချို့၌ ကထိကအဖြစ်လည်းကောင်း ၊ ဧည့်ဟောပြောသူအဖြစ်လည်းကောင်း လုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင် Mr. KIM သည် လွန်ခဲ့သော (၁၀) နှစ်အတွင်းတွင် ထိန်းညှိကြီးကြပ်မှုနှင့်ဆိုင်သော ဘောင်ကန့်သတ်ချက် ၊ ဘဏ်လုပ်ငန်း ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ၊ မိုဘိုင်းဘဏ်စနစ်နှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများတွင် ပါဝင်ခြင်း နှင့်သက်ဆိုင်သော ညီလာခံများ ၊ ဆွေးနွေးပွဲများတွင် ထင်ပေါ်သော ဟောပြောသူအဖြစ် ပါဝင်လှုပ်ရှားခဲ့ပါသှုည်။ Mr. KIM သည် နိုင်ငံတကာအဆင့်၌ ဇူလိုင်လ (၂၀၁၂) မှ ဇွန်လ (၂၀၁၄) အထိ အာရှ-ပစိဖိတ်ကျေးလက်နှင့် စိုက်ပျိုးမွေးမြူရေးချေးငွေ အဖွဲ့အစည်း (APRACA) ၏ ဥက္ကဌရာထူးဖြင့် ဇန်နဝါရီလ (၂၀၁၅) မှ ဇွန်လ (၂၀၁၇) ထိ လူတိုင်းစေ့တရားဝင် ဘဏ္ဍာရေးဝန်ဆောင်မှုရရှိနိုင်ရေး မဟာမိတ်အဖွဲ့၏ (AFI) အမှုဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါသည်။

blank

Mr. HUN Monivann, ဒါရိုက်တာ

Mr. HUN Monivann သည် (၁၉၉၇) ခုနှစ်တွင် ကမ္ဘောဒီးယားရှိ Maharishi Vedic တက္ကသိုလ် (MVU) မှ ဘွဲ့ရရှိခဲ့ပါသည်။ Mr. HUN သည် လက်ရှိတွင် SATHAPANA BANK PLC ၏ စာရင်းစစ်ကော်မတီ၏ ဉက္ကဌ တသီးတခြားဒါရိုက်တာအဖြစ်လည်းကောင်း ၊ Australian Institute of Company Director (AICD) ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း လုပ်ဆောင်နေပါသည်။ Mr. HUN သည် အတတ်ပညာပိုင်းဆိုင်ရာ စီးပွားရေး အတွေ့အကြုံ နှစ် (၂၀) ကျော်ရှိပြီး ဒေသတွင်းနှင့်နိုင်ငံတကာ ကုမ္ပဏီများတွင် ကုမ္ပဏီဒါရိုက်တာအဖြစ် (၁၅)နှစ် နီးပါး ၊ E&Y Cambodia တွင် စာရင်းစစ်အဖြစ် (၃) နှစ် ၊ Sepakor Angkor Co., Ltd တွင် ဘဏ္ဍာရေးဒါရိုက်တာ နှင့် ဘုတ်အဖွဲ့ဝင်အဖြစ် (၈) နှစ် လုပ်ကိုင်ခဲ့ပါသည်။ Mr. HUN Monivann သည် စာရင်းစစ်ကော်မတီဝင် တသီးတခြားဒါရိုက်တာနှင့် ဉက္ကဌအဖြစ် ကမ္ဘောဒီးယား၏ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွင် ရှေ့မှ ဉီးဆောင်နေသော Sathapana Limited (SPN) ကို (2006) ခုနှစ်တွင် ဝင်ရောက်ခဲ့ပါသည်။

blank

Mr. MASARU Suzuki, ဒါရိုက်တာ

ဂျပန်လူမျိုး Mr. MASARU သည် (၂၀၁၈) ခုနှစ် ဧပြီလတွင် မာရုဟန်ကော်ပိုရေးရှင်းသို့စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံခြားဘဏ္ဍာစီးပွားဌာန၏ ကျွမ်းကျင်ပညာရှင်အဖြစ် လုပ်ဆောင်လျက်ရှိသည်။ Mr. MASARU သည် (၁၉၈၂)ခုနှစ်မှ စတင်၍ မီဇူဟိုဘဏ်၌ ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ အတွေ့အကြုံများစွာ ရှိပါသည်။ Mr. MASARU သည် တိုကျို ၊ အိုဆာကာ ၊ လန်ဒန်နှင့် နယူးရော့စ် တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အပြင် corporate banking ၊ နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခြင်း ၊ ရုံးတွင်းကြီးကြပ်ထိန်းသိမ်းခြင်း ၊ ဆုံးရှုံးမှုစီမံခန့်ခွဲခြင်းနှင့် စာရင်းစစ်လုပ်ငန်းတို့တွင်လည်းခန့်အပ်ခြင်းခံခဲ့ရပါသည်။ ဂျပန်ဗီနီဂါထုတ်လုပ်ရေး ကုမ္ပဏီတွင် (၂၀၁၁)ခုနှစ် မှစတင်လုပ်ကိုင်ခဲ့ပြီးနောက် ယခုလက်ရှိတာဝန်ကိုထမ်းဆောင်နေပါသည်။ Mr. MASARU သည် ကျိုတိုတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့ပါသည်။

blank

Mr. Seang Serey, ဒါရိုက်တာ

ကမ္ဘောဒီးယားလူမျိုး Mr. Seang Serey သည် စထာပါနာလီမိတက်မြန်မာ၏ အလုပ်အမှုဆောင်အရာရှိချုပ်အဖြစ် လက်ရှိတွင်တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ Mr. Seang Serey သည် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် နိုင်ငံမျိုးစုံပါဝင်သော ကုမ္ပဏီများတွင် မတတ်ပညာပိုင်းဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ နှစ် (၂၀) ကျော်ရှိပြီ ဖြစ်သည်။ စထာပါနာလီမိတက်သို့ မဝင်ရောက်မီ Mr. Seang Serey သည် (၂၀၀၄) ခုနှစ်မှ (၂၀၀၈) ခုနှစ်အထိ အထင်ကရ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုတွင် လက်ထောက်လုပ်ငန်းလည်ပတ်ရေး မန်နေဂျာရာထူး နှင့် ပြည်နယ်မန်နေဂျာရာထူးအဖြစ် လုပ်ဆောင်ခဲ့ပါသည်။