စီမံခန့်ခွဲရေးအဖွဲ့

ဆူသိဒ် ဂုသား၊ အမှုဆောင်အရာရှိချုပ်

အိန္ဒိယလူမျိုး၊ ဆူသိဒ်ဂုသားသည် စထာပါနာလီမိတက်မြန်မာ၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်များထမ်းဆောင်လျက်ရှိပါသည်။ ဂုသားသည် ဘဏ်နှင့် ဘဏ်မဟုတ်သောငွေကြေးအဖွဲ့အစည်းများတွင် ဘဏ္ဍာရေးကဏ္ဍကို အဓိကဦးဆောင်ခဲ့သော လုပ်ငန်းအတွေ့အကြုံ (၂၃) နှစ်ကျော်ရှိပါသည်။ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းလျာထားချက်များ ရာနှုန်းပြည့် အောင်မြင်မှုရရှိအောင်စွမ်းဆောင်ခြင်း၊ ဆုံးရှုံးနိုင်ခြေ အန္တရာယ်ရှိမှု စီမံခန့်ခွဲခြင်း၊ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ၊ ထုတ်ကုန်ဒီဇိုင်းနှင့် ဖြန့်ဖြူးရေး၊ ချေးငွေ အရည်အသွေးစီမံခန့်ခွဲမှု စသည့်ကဏ္ဍများပါဝင်သော လုပ်ငန်းလည်ပတ်ရေးမဟာဗျူဟာအား မွမ်းမံအ‌ကောင်အထည်ဖော်ြခင်း၊ အစရှိသည်တို့သည် ၎င်း၏ ကျွမ်းကျင်အားသန်ရာ နယ်ပယ်ဖြစ်သည်။ ဂုသားသည် အာမခံမယူသော နှင့် အာမခံယူသော အသေးစားငွေကြေးဝန်ဆောင်မှု၊ တစ်ကိုယ်ရည်သုံးချေးငွေ၊ လုပ်ငန်းချေးငွေ၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းချေးငွေ၊ မော်တော်ကားချေးငွေ၊ အပေါင်ချေးငွေ အစရှိသည့်လုပ်ငန်းတို့ကို အသေးစိတ်နားလည်သိရှိ ကျွမ်းကျင်သည်။ စထာပါနာလီမိတက်နှင့် လက်တွဲမလုပ်ကိုင်မီ ဂုသားသည် Fino Finance ၊ မွန်ဘိုင်းမြို့၏ အချိန်ပြည့်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဂုသားသည် Satin Microfinance ၊ Fullerton India ၊ ICICI Bank နှင့် Ashok Leyland Finance စသည့် အဖွဲ့အစည်းများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ ဂုသားသည် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ဖြင့် မဟာဘွဲ့ကို ရရှိထားပါသည်။

မူတို ယုဂျိ၊ ဒုတိယအမှုဆောင်အရာရှိချုပ်

ဂျပန်လူမျိုး၊ မူတိုယုဂျိသည် ဘဏ်လုပ်ငန်းနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ (၃၂) နှစ်ကျော်ရှိပြီဖြစ်သည်။ မာရုဟန်သို့ မဝင်ရောက်မီ Sumitomo Bank (၂၀၂၁ ခုနှစ်၊ ဧပြီလတွင် Mitsui နှင့်ပူးပေါင်းပြီး Sumitomo Mitsui Banking Corporation ဖြစ်လာခဲ့ပါသည်) တွင် လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ်၊ ဧပြီလတွင် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် နိုင်ငံတကာဘဏ်လုပ်ငန်းများတွင် (၂၂) နှစ်ကြာ၊ ထိုထဲတွင်မှ (၁၄) နှစ်သည် ဂျပန်နိုင်ငံတွင် မဟုတ်ဘဲ Madrid, Los Angeles, London, Chicago, Seoul စသည့် နိုင်ငံများတွင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လုပ်ငန်းအတွေ့အကြုံ (၃၂) နှစ်ကျော် ရှိသည်။ အငယ်တန်းဝန်ထမ်းမှ အထွေထွေမန်နေဂျာအထိ လုပ်ငန်းဌာန အသီးသီးတွင် စီးပွားရေးမြှင့်တင်ခြင်း၊ လုပ်ငန်းသစ်များ (start-ups) ကို စီးပွားရေးအကြံဉာဏ်ပေးခြင်း၊ ဂျပန် ကုမ္ပဏီနှင့် ဂျပန်မဟုတ်သောကုမ္ပဏီများ၏ လုပ်ငန်းစီးပွားကို နိုင်ငံတကာသို့ ချဲ့ထွင်ခြင်း စသည့်တာဝန်များကို ရာထူးအမျိုးမျိုးဖြင့် ထမ်းဆောင်ခဲ့ပါသည်။ ချီကာဂိုရှိ Railcar Leasing Company ၏ Chief Administrative Officer (CAO) အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်၊ တိုကျို၊ ဂျပန် မှ ပေါ်တူဂီဘာသာစကား အထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ (Bachelor of Arts in Portuguese Language) ကို ရရှိထားပါသည်။

ဒေါ်နီလာစိုး၊ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်

မြန်မာလူမျိုး ဒေါ်နီလာစိုးသည် စထာပါနာလီမိတက်မြန်မာ၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် (COO) အဖြစ် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။ Stamford International University, Thailand မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ရရှိခဲ့ပါသည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ သုတေသနပညာဒီပလိုမာကို ၂၀၁၅ ခုနှစ်၊ မေလတွင် လည်းကောင်း၊ ပုသိမ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (မြန်မာစာအထူးပြု) ကို ၁၉၉၉ ခုနှစ်တွင် လည်းကောင်း ရရှိခဲ့ပါသည်။ ဒေါ်နီလာစိုးသည် မြန်မာနိုင်ငံရှိ UNDP/UNOPS Program ၊ INGO နှင့် နိုင်ငံခြားပုဂ္ဂလိကကုမ္ပဏီစသည့် အဖွဲ့ အစည်းများစွာတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အသေးစားငွေရေးကြေးရေးလုပ်ငန်းနယ်ပယ်တွင် လုပ်ငန်းအတွေ့ အကြုံ နှစ် (၂၀) ရှိပြီဖြစ်သည်။ သူမအနေဖြင့် Program Manager, Internal Audit Team Leader as Head of the Department, Deputy Finance Manager, Field Office Coordinator, Operations Manager, Deputy General Manager, General Manager, and Chief Operating Officer စသည့် အတွေ့အကြုံများစွာရရှိခဲ့သော အဓိက ကျသည့်အခန်းကဏ္ဍများတွင် လုပ်ငန်းတာဝန်ထမ်းဆောင်ခဲ့ပါသည်။ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေး လုပ်ငန်းများကူညီရေးအသင်း (MMFA) ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်း ၂၀၁၉ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ၊ (၂) နှစ်တာသက်တမ်း - (၂) ကြိမ် ရွေးကောက်ခံခဲ့ရသည်။ ပထမအကြိမ်တွင် တွဲဖက်အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ ဒုတိယအကြိမ်တွင် ဒု-ဥက္ကဌအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။

ဒေါ်လာမလေး၊ ဘဏ္ဍာရေးအရာရှိချုပ်

ဒေါ်လာမလေးသည် မြန်မာလူမျိုးဖြစ်ပြီး သူမကို ၁၉၉၃ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ သူမသည် Myanmar Union Adventist Seminary မှ စာရင်းကိုင်ပညာအထူးပြုဖြင့် စီးပွားရေးစီမံခန့်ခွဲမှုပညာဘွဲ့နှင့် International Financial Reporting Standard ဒီပလိုမာ တို့ကို ရရှိထားပါသည်။ စာရင်းကိုင်အဖြစ် စထာပါနာလီမိတက် မြန်မာသို့ ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် စတင်ဝင်ရောက်ခဲ့ပါသည်။ သူမသည် စထာပါနာ၌ ၂၀၂၀ ခုနှစ်၊ ဧပြီလ မတိုင်ခင်ထိ ဘဏ္ဍာရေးအရာရှိ၊ စာရင်းကိုင်နှင့် အခွန်ယူနစ် မန်နေဂျာ၊ ဘဏ္ဍာရေးဌာန ဒု-ဌာနမှူး၊ လက်ထောက် တိုင်းဒေသကြီးမန်နေဂျာ စသည့် ရာထူးအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ မေလတွင် ယခုလက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဘဏ္ဍာရေးဌာနမှူးအဖြစ် ရာထူး တိုးမြှင့်ခံခဲ့ရပါသည်။

ဒေါ်သီတာလှိုင်၊ အကြီးတန်းစီမံရေးရာဌာနမှူး

ဒေါ်သီတာလှိုင် သည် စီမံရေးရာဌာနမှူး ရာထူးဖြင့် ၂၀၁၈ခုနှစ်၊ ဧပြီလတွင် စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပါသည်။ လုပ်ငန်းနယ်ပယ်အမျိုးမျိုးတွင် စီမံရေးရာ လုပ်ငန်းအတွေ့အကြုံ (၁၇) နှစ်ကျော် ရှိပြီဖြစ်သည်။ ဒေါ်သီတာလှိုင် သည် ၂၀၁၀ ခုနှစ်တွင် Association of Business Administration (ABE), UK မှ အဆင့်မြင့်စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာ၊ ၂၀၀၇ ခုနှစ်တွင် ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာန (SEAMEO CHAT) မှ အင်္ဂလိပ်ဘာသာဒီပလိုမာ နှင့် ၁၉၉၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘွဲ့ (ရုက္ခဗေဒ) အစရှိသည်တို့ ရရှိထားပါသည်။ ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းစီးမံခန့်ခွဲပညာမဟာဘွဲ့ကို လေ့လာသင်ယူနေပါသည်။

ဦးထွန်းထွန်း၊ အကြီးတန်းဈေးကွက်ဌာနမှူး

မြန်မာလူမျိုး ဦးထွန်းထွန်း ကို ၁၉၆၅ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် ဈေးကွက်ဌာနမှူး အဖြစ် စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှ စီးပွားရေးဘွဲ့ ရရှိခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ ရရှိထားပါသည်။ ဦးထွန်းထွန်း သည် မြန်မာနိုင်ငံတွင် လူသုံးကုန်ပစ္စည်းများ ဈေးကွက်ရှာဖွေခြင်း၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းနယ်ပယ်၌ လုပ်ငန်းအတွေ့အကြုံ နှစ် (၂၀) ကျော် ရှိပြီဖြစ်သည်။ ဂျပန်နှင့် အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ improvement of legal and regulatory business environment တိုက်ရိုက်ဝင်ရောက်မှုကို မြှင့်တင်အားပေးသော စီမံကိန်း၌ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့သော လုပ်ငန်းအတွေ့အကြုံလည်း ရှိပါသည်။

ဒေါ်နှင်းဝတ်ရည်၊ အကြီးတန်းလုပ်ငန်းလည်ပတ်ရေးဌာနမှူး

မြန်မာလူမျိုး နှင်းဝတ်ရည်ကို ၁၉၈၄ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပါသည်။ စထာပါနာလီမိတက်မြန်မာသို့မဝင်ရောက်မီ ယူနိုက်တက်အမရဘဏ်တွင် ဆက်ဆံရေးမန်နေဂျာ အဖြစ်၎င်း၊ ဧရာဝတီဘဏ်တွင် အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းဌာန ၏ အမှုဆောင်ဝန်ထမ်း အဖြစ်၎င်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ (၇) နှစ်ကျော်ရှိပြီ ဖြစ်သည်။ ဒေါ်နှင်းဝတ်ရည်သည် စီးပွားရေးပညာဘွဲ့ (စာရင်းအင်းပညာ) ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့၊ University of Thai Chamber of Commerce (UTCC, Thailand) မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့ ၊ ရန်ကုန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဒီပလိုမာ ၊ Temasek Polytechnic (Singapore) မှ ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာ နှင့် HIDA (Japan) မှ Management Improvement for Executives အစရှိသည်တို့ ရရှိထားပါသည်။ သူမသည် GIZ အဖွဲ့အစည်းမှ International Trade Finance သင်တန်း၊ Asia Development Bank (ADB) နှင့် Oversea Chinese Banking Corporation Bank (OCBC) တို့မှပို့ချသော Trade Finance Program and Letter of Credit သင်တန်း၊ Asia Development Bank (ADB) မှ International Financial Institutions Principles and Guidelines for Investigation သင်တန်းနှင့် Cathy United Bank and Central Bank of Myanmar မှ Forex and Risk Management သင်တန်းတို့ကိုလည်း တက်ရောက်ခဲ့ပါသည်။

ဦးမြကို၊ ချေးငွေဌာနမှူး

ဦးမြကိုသည် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွင် ဝန်ဆောင်မှုကဏ္ဍအသီးသီး၌ လုပ်ကိုင်လာခဲ့သည်မှာ (၈) နှစ်ကျော်ကြာရှိပြီး ထူးချွန်ပြောင်မြောက်သော လုပ်ရည်ကိုင်ရည်ရှိသူတစ်ဦး ဖြစ်ပါသည်။ ထိုကဲ့သို့ လုပ်ငန်းအတွေ့အကြုံ စုံလင်ကျယ်ပြန့်သည့် အားသာချက်ကြောင့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်ကို နားလည်ထိန်းသိမ်းနိုင်သည့်အပြင် အဖွဲ့အစည်းတခု၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်အောင် ကတိကဝတ်ပြု လုပ်ဆောင်နိုင်ပါသည်။ စထာပါနာလီမိတက် မြန်မာ၏ ချေးငွေဌာနမှူးအဖြစ် ၎င်း၏ ပန်းတိုင်သည် အဖွဲ့အစည်းအတွက် ခိုင်မာ၍ အရည်အသွေးပြည့်ဝသော ချေးငွေကို ဖော်ဆောင်နိုင်ရန်နှင့် ရုံးခွဲများ၏ လုပ်ငန်းစွမ်းဆောင်မှုကို ပိုမိုတိုးတက်အောင် စီမံခန့်ခွဲနိုင်ရန် ဖြစ်ပါသည်။ မုံရွာစီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ကိုရရှိခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဖွင့်လှစ်သော ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာတန်းကို တက်ရောက်ခဲ့ပါသည်။

ဒေါ်ရွှေဇင်၊ ရုံးခွဲစီမံခန့်ခွဲရေးဌာနမှူး

ဒေါ်ရွှေဇင်သည် မြန်မာလူမျိုးဖြစ်ပြီး သူမကို ၁၉၈၅ ခုနှစ်၊ အောက်တိုဘာ (၉) ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ အစိုးရနည်းပညာတက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ၂၀၀၇ ခုနှစ်တွင် ရရှိခဲ့ပြီး စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ကို SBS Swiss Business School, Zurich မှ ၂၀၂၀ ခုနှစ်တွင် ရရှိခဲ့ပါသည်။ သူမသည် Routing and Switching (Cisco Certified Network Associate), CISI Level 3 Risk in Financial Service အစရှိသည့် သင်တန်းများမှလည်း တက်ရောက်သင်ယူခဲ့ပါသည်။ စထာပါနာမြန်မာသို့ မဝင်ရောက်မီ စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ Myanmar Petrochemical Enterprise တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူမသည် စထာပါနာမြန်မာသို့ ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် Chief Loan Officer ရာထူးဖြင့် စတင်ဝင်ရောက်ခဲ့ပါသည်။ ပဲခူးနှင့် အင်းစိန်မြို့များ၏ ရုံးခွဲတာဝန်ခံအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်း‌ဒေသကြီး၏ တိုင်းဒေသကြီးတာဝန်ခံ အဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ မေလအထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ရုံးခွဲစီမံခန့်ခွဲရေးဌာန၏ ဌာနမှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပါသည်။

ဒေါ်သက်ထွေးစု၊ သတင်းအချက်အလက်နည်းပညာ နှင့် စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ်ဌာနမှူး

မြန်မာလူမျိုး ဒေါ်သက်ထွေးစုသည် ၂၀၂၃ ခုနှစ်၊ မတ်လမှစ၍ စထာပါနာလီမိတက်မြန်မာ၏ အဖွဲ့ဝင်တစ်ဉီး ဖြစ်လာသည်။ စထာပါနာသို့ မဝင်ရောက်မီ ဘဏ္ဍာရေးဆိုင်ရာနည်းပညာလှုပ်ရှားမှုများ၊ Core Banking System သို့ ပြောင်းလဲခြင်းနှင့် ပဏာမခြေလှမ်းအဖြစ် ဒီဂျစ်တယ်စနစ်သို့ကူးပြောင်းခြင်း စသည်တို့ကို ကြီးကြပ်ရသော သတင်းအချက်အလက်နှင့် နည်းပညာဒါရိုက်တာ (IT Director) ၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှူး (Head of IT) ၊ ပရောဂျက်မန်နေဂျာ (Project Manager) အစရှိသည့် ရာထူးတာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ နှောင်းပိုင်းကာလများတွင် Component One နှင့် Active Reports ၌ Software Test Engineer အဖြစ်လည်းကောင်း၊ C1Xamarin Studio ၌ Project Lead အဖြစ်လည်းကောင်း (၁၁) နှစ်ကြာ လုပ်ဆောင်ခဲ့ပါသည်။ ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) နှင့် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) ရရှိထားပါသည်။ သူမ တာဝန်ယူခဲ့သော လုပ်ငန်းအတွေ့အကြုံများသည် အတတ်ပညာနှံ့စပ်ကျွမ်းကျင်တတ်မြောက်ခြင်းနှင့် လုပ်ငန်းအတွက် လိုက်လျောကိုက်ညီသောနည်းလမ်းဖြင့် ချဉ်းကပ်ဖြေရှင်းအဖြေထုတ်ပေးနိုင်ခြင်းစသည့် ကျွမ်းကျင်မှုများရရှိစေသည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ခဲ့ပါသည်။ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေသော ဘဏ္ဍာရေးနယ်ပယ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် Head of IT & MIS Department အဖြစ် စထာပါနာလီမိတက်၌ တာဝန်ယူလျက်ရှိပါသည်။

ဒေါ်မေမြတ်မိုးလှိုင်၊ ဝန်ထမ်းရေးရာဌာနမှူး

ဒေါ်မေမြတ်မိုးလှိုင်သည် စထာပါနာလီမိတက်မြန်မာ၏ ဝန်ထမ်းရေးရာဌာနမှူးအဖြစ် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် စတင်ဝင်ရောက်ခဲ့သည်။ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုများတွင် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် Organizational Development ၊ Talent Management and Development ၊ Performance Management, နှင့် HR Operation Management ကဲ့သို့သော နယ်ပယ်များတွင် နှံ့စပ်စွာကျွမ်းကျင်သည်။ သူမသည် Production & Distribution ၊ Services ၊ Trading နှင့် Banking စသော မတူညီသည့် နယ်ပယ်များတွင်လည်း ကျယ်ပြန့်နှံ့စပ်သော အတွေ့အကြုံများစွာရှိနေသည်။ ဒါအပြင် သူမသည် စင်္ကာပူနိုင်ငံတွင်လည်း data analysis နှင့် KPI monitoring for management decision စသောနယ်ပယ်များ၌ ၇ နှစ်ကြာလုပ်ဆောင်ခဲ့သော တန်ဖိုးရှိလှသည့် နိုင်ငံတကာအတွေ့အကြုံများကိုလည်း စထာပါနာလီမိတက်ထံ ယူဆောင်လာသေးသည်။ ဒေါ်မေမြတ်မိုးလှိုင်သည် ရန်ကုန်တက္ကသိုလ်မှ သင်္ချာအထူးပြု သိပ္ပံဘွဲ့(ဂုဏ်ထူး) ကိုရရှိထားသည်။ ထို့နောက် သူမသည် ကိုယ်ပိုင်တိုးတက်ကျွမ်းကျင်မှုအတွက်လည်း Management Development Institute of Singapore (MDIS) မှ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီမံအုပ်ချုပ်မှု ဒီပလိုမာ၊ Assumption University of Thailand မှ Mini-HR-OD Program ကျွမ်းကျင်အသိအမှတ်ပြု လက်မှတ်များကိုလည်း ရယူခဲ့သည်။

ဦးဘုန်းမြင့်မြတ်၊ အတွင်းစာရင်းစစ်ဌာနမှူး

ဦးဘုန်းမြင့်မြတ်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစတင်ကာ စထာပါနာလီမိတက်၏ အတွင်းစာရင်းစစ်ဌာနမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၄င်းသည် အတွင်းစာရင်းစစ်နယ်ပယ်တွင် လုပ်သက်အတွေ့အကြုံ ၇ နှစ်နီးပါးရှိသော ကျွမ်းကျင်ညာရှင်တစ်ဦးဖြစ်သည်။ စထာပါနာလီမိတက်မြန်မာသို့ တစ်ဖန်ပြန်လည်မဝင်ရောက်မီ City Mart Holding Co.ltd ၏ အတွင်းစာရင်းစစ်ဌာန၌ ၁နှစ်ခွဲ၊ စထာပါနာလီမိတက်တွင် ၄ နှစ်နီးပါးနှင့် MC Easy အသေးစားချေးငွေကုမ္ပဏီလီမိတက်၌ အတွင်းစာရင်းစစ်ဌာနမှူးအဖြစ် နောက်ထပ် ၁နှစ်ခွဲ အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် အတွင်းစာရင်းစစ်နှင့်ပတ်သက်သည့် ခက်ခဲနက်နဲသောပညာရပ်ဆိုင်ရာများကို အတွင်းကျကျနားလည်သိရှိသူတစ်ဦးဖြစ်သည်။ ဦးဘုန်းမြင့်မြတ်သည် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ဘောဂဗေဒပညာဘွဲ့ (B.Econ) နှင့် Asis e တက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) တို့ကိုရရှိခဲ့ပါသည်။ မိမိ၏ ပညာရပ်နယ်ပယ်တွင် အမြဲတစေတိုးတက်မှုကိုကြိုးပမ်းနေသည့်သူဖြစ်သည့်အလျောက် လက်ရှိတွင်လည်း Institute of Internal Auditors (IIA) မှ Certified Internal Auditors (CIA) သင်တန်းကိုတက်ရောက်နေသောကြောင့် ၄င်း၏ အတွင်းစာရင်းစစ်တတ်ကျွမ်းမှုအရည်အသွေး စံချိန်စံနှုန်း ထိန်းသိမ်းရန်အားထုတ်မှုကို ပြသလျက်ရှိသည်။ ထို့အပြင်၄င်းသည် လေးစားအပ်သော IIA community ၏အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ တက္ကသိုလ်ဘွဲ့ပညာရပ်အောင်မြင်မှုများသာမက ဦးဘုန်းမြင့်မြတ်သည် ဘဏ္ဍာရေးနှင့်စီးပွားရေးဥပဒေဒီပလိုမာ (Diploma in Banking and Business Law) နှင့် ဆုံးနှုန်းနိုင်ချေစီမံခန့်ခွဲမှု (Risk Management)၊ သတင်းအချက်အလက်စနစ်ဆိုင်ရာ စာရင်းစစ်နည်းပညာ (Information Systems Auditing)၊ ဘဏ္ဍာရေး(မှုခင်းဆိုင်ရာ) စာရင်းအင်းနှင့် ငွေကြေးလိမ်လည်မှုစုံစမ်းစစ်ဆေးခြင်း (Forensic Accounting and Fraud Examination) စသည့်ဘာသာရပ်ဆိုင်ရာ လေ့ကျင့်သင်တန်းများတွင်လည်း ပါဝင်လေ့လာခဲ့သည်။

ဦးဉာဏ်ဝင်းဖိုက်၊ ဆုံးရှုံးနိုင်ချေနှင့် လိုက်နာမှုဌာနမှူး

ဦးဉာဏ်ဝင်းဖိုက်သည် ဆုံးရှုံးနိုင်ချေနှင့် လိုက်နာမှုဌာနမှူး အဖြစ်တာဝန်ယူဆောင်ရွက်ရန် စထာပါနာလီမိတက်မြန်မာသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ဝင်ရောက်ခဲ့ပါသည်။ ၄င်းသည် ဆုံးရှုံးနိုင်ချေနှင့် လိုက်နာမှုဆိုင်ရာအဖွဲ့ကို ဦးဆောင်၍ စထာပါနာလီမိတက်၏ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှုနှင့် ဆုံးရှုံးနိုင်ချေလက်ခံနိုင်မှုအဆင့်ကိုကြီးကြပ်ကာ လုပ်ငန်းဆောင်တာနှင့်ပတ်သက်သော ဆုံးရှုံးနိုင်ချေများကို တိုင်းတာခြင်း၊ သုံးသပ်ခြင်းနှင့် စောင့်ကြည့်ခြင်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ စထာပါနာလီမိတက်သို့ မရောက်ရှိမီ ဦးဉာဏ်ဝင်းဖိုက်သည် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (Construction, Housing & Infrastructure Development Bank)၊ အသေးစားနှင့် အလတ်စားလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SME-Development Bank) နှင့် CB Bank တို့တွင် အသီးသီးတာဝန်ယူလုပ်ဆောင်ခဲ့သည်။ ၄င်းသည် ထိုင်းနိုင်ငံ၊ Assumption တက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့ (MBA) ကိုရရှိထားပါသည်။

ဦးဟိန်းနေစိုး၊ ကုမ္ပဏီရှေ့နေ

မြန်မာလူမျိုး ဦးဟိန်းနေစိုးသည် စထာပါနာလီမိတက်၊ မြန်မာ၏ ကုမ္ပဏီရှေ့နေအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လမှ စတင်လုပ်ကိုင်ခဲ့ပါသည်။ ရှေ့နေလုပ်သက် (၈) နှစ်ကျော်ရှိပြီဖြစ်ပြီး ဘဏ္ဍာရေးလုပ်ငန်းနယ်ပယ်တွင်လည်း အတွေ့အကြုံရှိပြီးဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ဥပဒေပညာဘွဲ့ကို ရရှိခဲ့ပါသည်၊၊ ၂၀၂၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာနမှလည်း မဟာဝိဇ္ဇာဘွဲ့ (စီးပွားရေးဥပဒေပညာ) ကို ရရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် စီးပွားရေးဥပဒေပညာ မဟာဝိဇ္ဇာတန်း၏ ထူးချွန်ကျောင်းသားအဖြစ် ပထမဆု ရရှိထားသူဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်တွင် C.M.C Academy ၊ India မှ Advanced Diploma in Tech ၊ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စီးပွားရေးဥပဒေပညာ ဒီပလိုမာနှင့် ၂၀၁၆ ခုနှစ်တွင် Alison မှ Diploma in Legal Studies တို့ကို ရရှိထားပါသည်။ ထို့ပြင် WIPO Academy Switzerland မှ DL-101, DL-117, PCT 101E22 လက်မှတ်များနှင့် Harvard University မှ HLS2X: Contract Law ကိုလည်းရရှိထားပါသည်။

မာဆဟိတို ခူရိုစာကီ ၊ ကုမ္ပဏီအတွင်းရေးမှူး

မာဆဟိတို ခူရိုစာကီ သည် စထာပါနာလီမိတက်၏ မိခင်ကုမ္ပဏီဖြစ်သော မာရုဟန်အဖွဲ့အစည်းမှ ဂျပန်နိုင်ငံ သားကျွမ်းကျင်ပညာရှင်ဖြစ်ပြီး စထာပါနာလီမိတက်မြန်မာ၏ ကုမ္ပဏီအတွင်းရေးမှူးဖြစ်ပါသည်။ ၄င်းသည် မာရုဟန်အဖွဲ့အစည်းနှင့် ၂၀၁၀ ခုနှစ်တွင် စတင်လက်တွဲခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ စထာပါနာလီမိတက် မြန်မာသို့ ဆုံးရှုံးနိုင်ချေစီမံခန့်ခွဲမှု မန်နေဂျာ (Risk Unit Manager) အဖြစ် စေလွှတ်တာဝန်ပေးခြင်းခံခဲ့ရ သည်။ သူသည် စထာပါနာလီမိတက်မြန်မာ၏ ဆုံးရှုံးနိုင်ချေနှင့် လိုက်နာမှုဌာန (Risk and Compliance Department) ဖွဲ့စည်းတည်ထောင်မှုတွင် ကူညီအထောက်အပံ့ပြုခဲ့ပြီး ၂၀၂၀ ခုနှစ်တွင်မူ ၄င်းဌာန၏ ယာယီ အကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ စထာပါနာလီမိတက်မြန်မာသို့ မရောက်ရှိမီ ယခင် မာရုဟန်၌လည်း မာဆဟိတို ခူရိုစာကီ သည် အမျိုးမျိုးသော အခန်းကဏ္ဍများဖြစ်သည့် မာရုဟန် အဖွဲ့ အစည်း၏ တိုကျိုရုံးချုပ်ရှိ Corporate Planning Department and Overseas Financial Business Department တွင်လည်းကောင်း၊ စထာပါနာလီမိတက်မြန်မာ၏ ညီအစ်မကုမ္ပဏီ တစ်ခုဖြစ်သည့် Maruhan Japan Bank Laos တွင်လည်းကောင်း အလှည့်ကျ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ယခုလက်ရှိတွင်မူ ခူရိုစာကီ သည် စထာပါနာလီမိတက်မြန်မာတွင် ကုမ္ပဏီအတွင်းရေးမှူးအဖြစ် လုပ်ဆောင် လျက်ရှိသည်။ သူသည် ၂၀၁၀ ခုနှစ်တွင် Ritsumeikan Asia Pacific တက္ကသိုလ်မှ လူမှုရေးသိပ္ပံဘာသာ အထူးပြုဖြင့် Bachelor of Social Science ဘွဲ့အား ရယူထားပါသည်။