လူမှုဖူလှုံရေးအစီအစဉ်

လူမှုဖူလုံရေး အစီအစဉ်

စထာပါနာ၏ ချေးငွေဝန်ဆောင်မှု ရယူထားသော အသင်းသားအားလုံးသည် လူမှုဖူလုံရေးအစီအစဉ်တွင် မဖြစ်မနေ ပါဝင်ရပါမည်။ ချေးငွေအသင်းသားများသည် လူမှုဖူလုံရေးရံပုံငွေ ထည့်ဝင်ပြီးသည်နှင့်တပြိုင်နက် လူမှုဖူလုံရေး အစီအစဉ်၏ အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံရပါမည်။ လူမှုဖူလုံရေး အဖွဲ့ဝင်များအားလုံးသည် ချေးငွေအသစ် ထုတ်ယူသည့် အချိန်တိုင်း တနှစ်ချေးငွေပမာဏ၏ ဝ.၅% ကို ထည့်ဝင်ရပါမည်။ အကြိမ်ကြိမ်ခွဲဝေပေးသွင်းမှုကို လက်မခံပါ။ စထာပါနာ၏ လူမှုဖူလုံရေးအစီအစဉ်တွင် အဖွဲ့ဝင်ဖြစ်သူများသည် အောက်ပါအခွင့်အရေးများကို ရရှိခံစားရပါမည်။

 
ဤအစီအစဉ်၏ အကျုံးဝင်မှု သက်တမ်းသည် ချေးငွေသက်တမ်းနှင့် အချိန်ကာလ အတူတူပင်ဖြစ်ပါသည်။ လက်ရှိ ချေးငွေ သက်တမ်းကာလ ကုန်ဆုံးပြီး၊ ချေးငွေအသစ် နောက်တကြိမ်မယူတော့ဘဲ စာရင်းပိတ်သိမ်းလိုက်ပါက အဖွဲ့ဝင် အြ ဖစ် ရပ်စဲမည် ဖြစ်ပါသည်။

လူမှုဖူလုံရေး၏ အကျိုးခံစားခွင့်များ

အကြောင်းအရာ
အဖြစ်အပျက်
ပြန်လည်ရရှိမည့် အကျိုးကျေးဇူးများလိုအပ်သော
သက်သေ
အထောက်အထား
ချေးငွေလက်ကျန်
ပယ်ဖျက်မှု
ထောက်ပံ့ရန်ပုံငွေ
(ကျပ်)
သေဆုံးခြင်း
(မိမိကိုယ်ကိုသတ်သေခြင်း၊
မူးယစ်ဆေးဝါးသုံးစွဲခြင်း မှလွဲ၍)
ငွေချေးသူ၁၀၀% စာရင်း
ပယ်ဖျက်မှု
၅၀,၀၀၀သေဆုံးမှုလက်မှတ်
မသန်မစွမ်းဖြစ်ခြင်းငွေချေးသူ
(လုံးဝမသန်မစွမ်းဖြစ်ခြင်း)
၁၀၀% စာရင်း
ပယ်ဖျက်မှု
၅၀,၀၀၀အထွေထွေရောဂါကုဆရာဝန် (သို့)
ဆေးရုံအုပ်၏ ဆေးလက်မှတ်
ငွေချေးသူ
(တစ်စိတ်တစ်ပိုင်း
မသန်မစွမ်းဖြစ်ခြင်း)
၅၀% စာရင်း
ပယ်ဖျက်မှု
ကလေးမွေးဖွားခြင်းငွေချေးသူအကျုံးမဝင်ပါ၅၀,၀၀၀အရှင်မွေးလက်မှတ်

လူမှုဖူလုံရေးအစီအစဉ်၏ အသင်းဝင်သက်တမ်းသည် ချေးငွေသက်တမ်းနှင့် တူညီသည်ဖြစ်ပြီး အသင်းဝင်က လက်ရှိချေးငွေပြီးဆုံးပြီး နောက်ထပ်ချေးငွေမထုတ်ယူတော့လျှင် အသင်းဝင်ဖြစ်ခွင့် ကုန်ဆုံးမည်ဖြစ်သည်။