အသင်းဝင်များ

စိုက်ပျိုးရေးချေးငွေ

စိုက်ပျိုးရေးသုံးမျိုးစေ့၊ ဓါတ်မြေသြဇာ နှင့် လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူရန်နှင့်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်ရန်။။

အသေးစားစီးပွားရေးလုပ်ငန်းချေးငွေ

အသေးစား စီးပွားရေး လုပ်ငန်းများ အတွက် အဆောက်အဦး၊ စက်ကိရိယာများဝယ်ယူရန်နှင့် လုပ်ငန်းများအတွက်  လိုအပ်သော အရင်းအနှီး အဖြစ် အသုံးပြုရန်။

သုံးစွဲမှုချေးငွေ

အိမ်ထောင်စုများအတွက် လိုအပ်သေ ပရိဘောဂ၊ မော်တော်ဆိုင်ကယ်နှင့် အိမ်သုံးပစ္စည်းများဝယ်ယူရန် လူမှုရေးကိစ္စများ၊ ပညာရေး၊ ကျန်းမာရေး နှင့် အခြားအိမ်မှုကိစ္စများတွင် သုံးစွဲရန်။

စုငွေစုဆောင်းခြင်း

ချေးငွေ ချေးယူသူများသည် ချေးငွေ၏ အများဆုံး ၅ ရာခိုင်နှုန်းအထိ မဖြစ်မနေ စုဆောင်းရမည်။

စထာပါနာ၏ မိမိအသင်းဝင်များကို ကာကွယ်စောင့်ရှောက်ခြင်း

စထာပါနာလီမိတက် မြန်မာသည် မိမိ၏ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် ငွေကြေးဝန်ဆောင်မှုများပေးရာတွင် မိမိအသင်းဝင်များ၏ စရိုက်လက္ခဏာများကို သေချာစွာ ထည့်သွင်းစဉ်းစားပါသည်။ ကျွနု်ပ်တို့၏ ဘဏ္ဍာရေး ထုတ်ကုန်ပစ္စည်းများနှင့် ၎င်းတို့ကို မိမိအသင်းဝင်များထံ ဖြန့်ဝေရေးအတွက် ဆောင်ရွက်မှုများသည် အသင်းဝင်များ၏ လိုအပ်မှုများ၊ ၎င်းတို့၏ လုပ်ငန်းလုံခြုံမှုနှင့် ထိခိုက်နစ်နာမှု အန္တရာယ် တစုံတရာမရှိရေးတို့ဖြင့် ကိုက်ညီမှုရှိရန်အလေးထားဆောင်ရွက်ပါသည်။
စထာပါနာသည် မိမိအသင်းဝင်များ၏ ထင်မြင်ယူဆချက်နှင့် တုံ့ပြန်မှုများကို နည်းလမ်းမျိုးစုံဖြင့် ရှာဖွေ၍ စိတ်အားထက်သန်စွာ လိုလိုလားလားဖြင့် အမြဲတမ်းနားထောင် အလေးထားသော အဖွဲ့အစည်း ဖြစ်ပါသည်။ ထို့အပြင် မိမိ၏ ဘဏ္ဍာရေး ထုတ်ကုန်ပစ္စည်းများကို အသင်းဝင်များထံ ရောင်းချရာတွင် မိမိ၏လိုချင်လောဘ တစ်ခုတည်းအတွက်သာ အင်တိုက်အားတိုက်ဖြင့် ဆောင်ရွက်သော နည်းလမ်းများကို အသုံးမပြုပါ။

စထာပါနာသည် မိမိ၏ အသင်းဝင်များ အမှန်တကယ်လိုအပ်သည်ထက်ပိုမို၍ ငွေမချေးမိစေရေး၊ ပြန်လည်ပေးဆပ်နိုင်မည့် စွမ်းအားထက် ပိုမိုမချေးမိစေရေးတို့အတွက် ချေးငွေစီစစ်အကဲဖြတ်မှုကိုသေချာစွာ ဂရုစိုက်လုပ်ဆောင်ပါသည်။
စထာပါနာ၏ စီမံခန့်ခွဲမှုဘုတ်အဖွဲ့သည် ကြွေးမြီနွံအတွင်း ကျရောက်နိုင်မှု အန္တရာယ်ကို ကောင်းစွာ သတိပြုမိပြီး စိုးရိမ်ပူပန်မှုရှိပါသည်။ ထို့ကြောင့် ချေးငွေများ၏ အရည်အသွေးကောင်းမွန်မှုကို အမြဲဂရုပြု အလေးထားဆောင်ရွက်ပါသည်။
ထို့အပြင် စထာပါနာသည် အကြွေးတင်ခြင်းမှလွဲ၍ သိသာမြင်သာသော မည်သည့်အကျိုးကျေးဇူးမျှမရှိသည့်၊ လိုသည်ထက်ပိုသော ချေးငွေများကို ချေးယူရန်အတွက် မိမိအသင်းဝင်များကို တိုက်တွန်းဆွဲဆောင်မှုမရှိစေရန် အစဉ်အမြဲ အလေးဂရုထားဆောင်ရွက်ပါသည်။

စထာပါနာသည် မိမိ၏ အသင်းဝင်များကို ၎င်းတို့နှင့် သက်ဆိုင်သောတာဝန်များ၊ အထူးသဖြင့် အတိုးနှုန်းနှင့် ဝန်ဆောင်ခ စသော သတင်းအချက်အလက်များအား မိမိအသင်းဝင်များသို့ ပြည့်စုံမှန်ကန်စွာ ပေးနိုင်ရေးကို အထူးအလေးထား ဆောင်ရွက်ပါသည်။ စထာပါနာသည် ကွယ်ဝှက်ထားသော အသုံးစရိတ်များကိုအသင်းဝင်များထံမှ တောင်းခံခြင်းမရှိပါ။
မိမိအသင်းဝင်များ သတင်းအချက်အလက် မှန်ကန်ပြည့်စုံစွာဖြင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အတွက် စထာပါနာသည် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ မိမိအဖွဲ့ဝင်များထံ ၎င်းတို့နားလည်နိုင်သော ဘာသာစကား (မြန်မာဘာသာစကား) ဖြင့် ရှင်းလင်းစွာဆက်သွယ်ပြောဆိုမှုပြုပါသည်။
စထာပါနာသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ သတ်မှတ်ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း တိကျစွာ လိုက်နာကျင့်သုံး၍ ပွင့်လင်းမြင်သာစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

အတိုးနှုန်းနှင့် အခြားငွေကြေးဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များသည် အသင်းဝင်များ၏ သတ်မှတ် ထားသော အတိုးကို ပေးဆပ်နိုင်မှု နှင့် စထာပါနာ၏လုပ်ငန်း ရေရှည်ရပ်တည်နိုင်မှု (၂)ခုလုံးကို ကြည့်ရှု၍သာ သတ်မှတ်ပြဌာန်းသင့်ပါသည်။ စထာပါနာမှယူသော အတိုးနှုန်းမှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တရားဝင်သတ်မှတ်ပြဌာန်းထားသည့်အတိုင်းသာဖြစ်ပါသည်။

စထာပါနာသည် မိမိ၏ အသင်းဝင်များကို လူမျိုး၊ ဘာသာတရား၊ အသားအရောင်၊ ကျား/မ ခွဲခြားမှု မရှိဘဲအားလုံးကို အလေးထား၍ မျှတစွာ ဆက်ဆံပါသည်။ မည်သို့သောအခြေအနေမျိုးတွင်မဆို လူထုနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာစွာ၊ သိမ်မွေ့စွာ ပြောဆို ဆက်ဆံခြင်းသည် စထာပါနာ၏ လူသားအရင်းအမြစ်ဆိုင်ရာ မူဝါဒများအနက်မှ တစ်ခုဖြစ်ပြီး စထာပါနာဝန်ထမ်းများသည် တိကျစွာ လေးစားလိုက်နာကြပါသည်။

အသင်းဝင်များ၏ အမည်၊ အပ်ငွေ ပမာဏ၊ ငွေစာရင်းအမှတ် စသည့်သတင်းအချက်အလက်များကို ရိုသေစွာနှင့် လုံခြုံလျှို့ဝှက်စွာထားရှိပေးပါသည်။ အဆိုပါသတင်းအချက်အလက်များကို သတင်းရယူစဉ်က အသုံးပြုရန်ရည်ရွယ်ခဲ့သော ကိစ္စမှလွဲ၍ အခြားကိစ္စများတွင် အသုံးမပြုပါ။ အကယ်၍အခြားနေရာတွင် အသုံးပြုရန် လိုအပ်ခဲ့ပါက၊ အသင်းဝင်များ၏ သဘောတူခွင့်ပြုချက်ကို ရယူပြီးမှသာ အသုံးပြုပါသည်။

စထာပါနာသည် အသင်းဝင်များ၏ တစ်ဦးချင်းပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်နိုင်ရေးသာမက၊ မိမိ၏ ဘဏ္ဍာရေးထုတ်ကုန်နှင့် ဝန်ဆောင်မှု အရည်အသွေး တိုးတက်ကောင်းမွန်ရေးအတွက်၊ ကောင်းမွန်သော၊ လိုလိုလားလားနှင့် တုံ့ံ့န်မှုအားကောင်းသော၊ ပြဿနာနှင့် နစ်နာမှုများအား တရားဝင်တိုင်ကြားနိုင်သော၊ လမ်းကြောင်းများကို စနစ်တကျ ထားရှိပါသည်။
အကြံပြုစာတိုက်ပုံးများကို စထာပါနာ၏ ရုံးခွဲများအားလုံးတွင်ထားရှိပြီး၊ မိမိအသင်းဝင်များ၏ တွေ့ကြုံရသော ပြဿနာများ၊ နစ်နာချက်များ၊ အကြံပြုချက်များအားလုံးကို လက်ခံ၍ ဖြေရှင်းဆောင်ရွက်ပေးပါသည်။

အသင်းဝင်များ၏အခွင့်အရေးများ နှင့် တာဝန်ဝတ္တရားများ

၁။ အသင်းဝင်ဖြစ်စေ၊ အသင်းဝင်မဟုတ်သေးသောသူဖြစ်စေ၊ စထာပါနာမှ တရားမျှတ၍၊ ရိုသေလေးစားမှုရှိစွာ ပြုမူပြောဆိုဆက်ဆံပါသည်။ စထာပါနာသည်လူမျိုး ၊ ဘာသာ၊ အသားအရောင်၊ ကျား၊မ ခွဲခြားပြုမူဆက်ဆံခြင်းကို အားမပေးပါ။

၂။ စထာပါနာမှ ချေးငွေဝန်ဆောင်မှုကို ရယူခြင်းမပြုီ ချေးငွေရယူနိုင်ရန်အတွက် လိုအပ်ချက်များ၊ သတ်မှတ်ချက်များ၊ ကျသင့်သောအတိုးနှုန်းနှင့် ဝန်ဆောင်ခများ စသည့်သတင်းအချက်အလက်များကို မှန်ကန်၊ ရှင်းလင်းစွာနှင့် ပွင့်လင်းမြင်သာစွာ ချေးငွေမထုတ်ချေးမီ အချိန်နှင့်တပြေးညီ ရယူခွင့်ရှိပါသည်။

၃။ မိမိအတွက်လိုအပ်၍ ကြိုက်နှစ်သက်သောချေးငွေဝန်ဆောင်မှု အမျိုးအစားကိုသာ ရွေးချယ်ဆုံးဖြတ်ရယူခွင့် ရှိပါသည်။

၄။ မည်သို့သောချေးငွေဝန်ဆောင်မှုအမျိုးအစားကိုမဆို လက်ခံရန်ငြင်းပယ်ခွင့်ရှိပါသည်။

၅။ အသင်းဝင်များ၏ ပုဂ္ဂိုလ်ရေးနှင့် ငွေရေးကြေးရေးဆိုင်ရာသတင်းအချက်အလက်များကို လုံခြုံစွာထားရှိ ပေးပါသည်။ စထာပါနာလီမိတက်၏ လုပ်ငန်းလိုအပ်ချက်မှလွဲ၍ အခြားသောကိစ္စရပ်များတွင် အသုံးမပြုပါ။

၆။ စထာပါနာသည် အဖွဲ့ဝင်များ၏စိတ်ကျေနပ်နှစ်သက်မှုကို အလေးထားပါသည်။ အကယ်၍ အဆင်မပြေမှုနှင့် မကျေနပ်မှုတစုံတရာရှိခဲ့ပါက အောက်ဖော်ပြပါလိပ်စာနှင့် ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများသို့ ဆက်သွယ် တိုင်ကြားနိုင်ပါသည်။

၁။ အသင်းဝင်များ (သို့) အသင်းဝင်ဖြစ်ရန် လျှောက်ထားမည့်သူများသည် သက်ဆိုင်ရာ ချေးငွေအရာရှိနှင့်တကွ အခြားအသင်းဝင်များကို တရားမျှတ၍လေးစားမှုရှိစွာ ဆက်ဆံပြောဆိုရပါမည်။

၂။ မိမိနှင့်မိသားစုဝင်များအကြွေးနွံနစ်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ချေးငွေအရာရှိမှ မှန်ကန်စွာချင့်ချိန် တွက်ချက်နိုင်ရန် မိမိ၏ဝင်ငွေ၊ ထွက်ငွေနှင့် ဘဏ္ဍာရေးအခြေအနေကို ရိုးသားမှန်ကန်စွာဖြေဆိုရပါမည်။

၃။ ချေးငွေဝန်ဆောင်မှုရယူခြင်းဖြင့် တိုးတက်လုပ်ကိုင်နိုင်မည့် မိမိ၏လုပ်ငန်းနှင့်ဝင်ငွေအခြေအနေ၊ လစဉ်ပြန်လည် ပေးဆပ်ရမည့် အတိုး နှင့် အရင်း စသည်တို့ကို သေချာစွာချင့်ချိန် တွက်ချက်၍ မှန်ကန်စွာဆုံးဖြတ်ရပါမည်။

၄။ စထာပါနာ၏ အသင်းဝင်ဖြစ်ပြီးပါက စာချုပ်ပါစည်းကမ်းချက်များကို လေးစားလိုက်နာရပါမည်။

၅။ ချေးငွေဝန်ဆောင်မှုရယူရာ၌ လာဘ်ပေး၊ လာဘ်ယူ (သို့) ငွေကြေးအလွဲသုံးစားမှုပြုခြင်းများ၊ ကျင့်ဝတ်နှင့် မညီသော ပြုမူပြောဆိုမှုများတွေ့ရှိပါက စထာပါနာရုံးသို့ အကြောင်းကြားရပါမည်။

၆။ မိမိအသင်းဝင်များ၏ ပုဂ္ဂိုလ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို မသက်ဆိုင်သူများသို့ မပေါက်ကြားစေဘဲ လျှို့ဝှက်ချက်အဖြစ် လုံခြုံစွာထားရှိပေးရပါမည်။

၇။ စာချုပ်ပါစည်းကမ်းချက်အတိုင်း လစဉ်ပြန်လည်ပေးဆပ်ရမည့် အတိုး နှင့် အရင်းကို သတ်မှတ်ချိန်အတွင်း မှန်ကန်တိကျစွာ ပြန်လည်ပေးဆပ်ရပါမည်။

ဓာတ်ပုံများ