စီမံခန့်ခွဲရေးအဖွဲ့

blank

ဆန်စရေး၊ အမှုဆောင်အရာရှိချုပ်

ကမ္ဘောဒီးယားလူမျိုး Mr. Seang Serey သည် စထာပါနာလီမိတက်မြန်မာ၏ အလုပ်အမှုဆောင်အရာရှိချုပ်အဖြစ် လက်ရှိတွင်တာဝန်ထမ်းဆောင်လျက် ရှိပါသည်။ Mr. Seang Serey သည် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် နိုင်ငံမျိုးစုံပါဝင်သော ကုမ္ပဏီများတွင် အတတ်ပညာပိုင်းဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ နှစ် (၂၀) ကျော်ရှိပြီ ဖြစ်သည်။ စထာပါနာလီမိတက်သို့ မဝင်ရောက်မီ Mr. Seang Serey သည် (၂၀၀၄) ခုနှစ်မှ (၂၀၀၈) ခုနှစ်အထိ အထင်ကရ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုတွင် လက်ထောက်လုပ်ငန်းလည်ပတ်ရေး မန်နေဂျာရာထူး နှင့် ပြည်နယ်မန်နေဂျာရာထူးအဖြစ် လုပ်ဆောင်ခဲ့ပါသည်။ အထူးသဖြင့် ချေးငွေစီစစ်ရေးနှင့် စီမံခန့်ခွဲရေး (people management) နယ်ပယ်တွင် အတွေ့အကြုံများစွာ ရှိပါသည်။ ၂၀၀၈ ခုနှစ်တွင် ကမ္ကောဒီးယားနိုင်ငံရှိ ပထမဦးဆုံး ဂျပန်ကုမ္ပဏီဖြစ်သည့် MARUHAN Japan Bank Plc တွင် ရုံးခွဲမန်နေဂျာအဖြစ်၎င်း၊ ရုံးချုပ်တာဝန်ခံအဖြစ်၎င်း၊ အရောင်းဌာနတာဝန်ခံအဖြစ်၎င်း၊ ဘဏ္ဍာရေးအဖွဲ့အစည်းတာဝန်ခံအဖြစ်၎င်း စသည့် စီမံအုပ်ချုပ်ရေးရာထူးများကို တာဝန်ယူခဲ့ပါသည်။ ၂၀၁၄ စက်တင်ဘာလ၌ နှုတ်ထွက်စာမတင်မီ Specialized Bank တွင် Business Division and Finance ဌာန၏ Assistant President and Executive Officer အဖြစ်ကမ်းလှမ်းခံခဲ့ရသည်။ ထို့နောက် ၂၀၁၄ အောက်တိုဘာတွင် SATHAPANA Bank PLC ၌ Chief Administrative Officer (CAO) အဖြစ် ခန့်အပ်ခံခဲ့ရပါသည်။ ထိုမှတဆင့် ၂၀၁၄၊ ဇန်နဝါရီလမှစတင်၍ ယနေ့ထိ SATHAPANA Limited Myanmar ၏ အလုပ်အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။ Mr.Seang Serey သည် Maharishi Vedic University မှ ၁၉၉၇ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် Charles Sturt University, Australia မှ မဟာဘွဲ့ ထပ်မံရရှိခဲ့ပါသည်။

blank

တကဲရှိ အိုခုဘို၊ လက်ထောက်အမှုဆောင်အရာရှိချုပ်

ဂျပန်လူမျိုး Mr.Takeshi Okuboသည် စထာပါနာလီမိတက်မြန်မာတွင် လက်ထောက်အလုပ်အမှုဆောင်အရာရှိချုပ်အဖြစ် လက်ရှိတွင် တာဝန်ထမ်းဆောင်နေပါသည်။ Mr.Takeshi Okubo သည် ဂျပန်၊ အမေရိကန် နှင့် အိန္ဒိယနိုင်ငံတို့ရှိ အပြည်ပြည်ဆိုင်ရာဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းတို့တွင် (၂၅)နှစ်ကျော် လုပ်ငန်းအတွေ့အကြုံရှိပါသည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ ကော်ပိုရေးရှင်းစီမံကိန်းရေးဆွဲရေးဌာန၊ ဖူဂျီဘဏ်တွင် လက်ထောက်ဒုသမ္မတ အဖြစ် တာဝန်ယူခဲ့ပါသည်။ ၂၀၀၄ ခုနှစ်မှစတင်၍ Mizuho Bank, Ltd. တွင် အမေရိကန်ကော်ပိုရေးရှင်း ဘဏ်လုပ်ငန်းဌာန၊ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ စီမံကိန်းရေးဆွဲရေးဌာန တို့တွင် စီနီယာဥက္ကဌအဖြစ်၎င်း၊ India Administration Department တွင် Joint General Manager အဖြစ်၎င်း၊ Global Core Banking System Transformation Project Team ၏ Joint Project Manager အဖြစ်၎င်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Mr.Takeshi သည် ၁၉၉၁ ခုနှစ်တွင် Waseda University မှ ဥပဒေဘွဲ့ရရှိခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် University of Illinois, USA မှ ဥပဒေအထူးပြုမဟာဘွဲ့ ရရှိခဲ့ပါသည်။

blank

ဆော့ဗီးဆက်၊ ဘဏ္ဍာရေးအရာရှိချုပ်

Mr.Sok Viseth ကို ၁၉၈၅ ခုနှစ်တွင် ကမ္ဘောဒီးယား၌ မွေးဖွားခဲ့ပါသည်။Mr.Sok Viseth သည် National University of Management (Cambodia) မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့၊ NANTES University (France) မှ ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးမဟာဘွဲ့၊ Royal University of Law and Economics (Cambodia) မှ အာမခံလုပ်ငန်း၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဆုံးရှုံးနိုင်မှုလျှော့ချရေးစီမံခန့်ခွဲမှု မဟာဘွဲ့တို့ ရရှိထားပါသည်။ ၂၀၁၂ ခုနှစ်တွင် Association of Chartered Certified Accountant, UK စာမေးပွဲကိုအောင်မြင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ACCA အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ထိုမှတဆင့် ၂၀၁၈ ခုနှစ်တွင် FCCA ဖြစ်လာခဲ့သည်။ Cambodia နိုင်ငံတွင် Tax Agent Exam ကိုလည်း အောင်မြင်ခဲ့ပြီး ဖြစ်သည်။ Mr.Sok Viseth သည် လုပ်ငန်းအတွေ့အကြုံ ၁၀ နှစ်ဝန်းကျင်ရှိပြီး Government Tax Officer အဖြစ် ၁ နှစ်ခွဲကြာ စတင်လုပ်ကိုင်ခဲ့ပြီးနောက် International Logistics Company သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ ၂၀၁၀၊ ဇူလိုင်တွင် SATHAPANA Limited, Cambodia (ယခု SATHAPANA Bank Plc) သို့ စတင်ဝင်ရောက်ခဲ့သည်။ Financial Controller, Senior Financial Accounting Officer, Deputy Head of Finance Department, Deputy Head of Treasury Department နှင့် Deputy Head of Internal Audit Department အစရှိသည့် ရာထူးတာဝန်ထမ်းများ ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၈၊ ဇန်နဝါရီတွင် Chief Financial Officer (CFO) အဖြစ် စထာပါနာလီမိတက်မြန်မာသို့ ပြောင်းရွှေ့ခဲ့ပါသည်။

blank

ဥမ္မာလွင်၊ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ်

Ms.Ohnmar Lwin ကို ၁၉၈၁ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် Head of Credit Department ရာထူးဖြင့် စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လုပ်သက် (၁၉) နှစ်ကျော်ရှိပြီး Financing, Banking and Mobile Financial Services နယ်ပယ်တွင် လုပ်သက် (၁၀)နှစ်ကျော်ရှိပြီဖြစ်သည်။ Ms.Ohnmar Lwin သည် ၂၀၀၈ ခုနှစ်တွင် Diploma in Accounting D.A (UK) နှင့် D.C.A (UK)၊ 2003 ခုနှစ်တွင် Diploma in English (Y.U.F.L) နှင့် B.A (Economics) (Yangon University)၊ EMBA (Y.U.E) တို့ကိုရရှိထားပါသည်။ Leadership နှင့် ပတ်သက်သော လေ့ကျင့်ရေးသင်တန်းများ၊ Central Bank of Myanmar နှင့် Sumitomo Mitsui Banking Corporation မှ Branch Operations Management သင်တန်း၊ Certified SME Lending Professional သင်တန်း၊ Credit Risk and Delinquency Management (MIFA TAF) သင်တန်း၊ MIF, GIZ နှင့် Commerzbank (Germany) မှ Core Banking, International Banking နှင့် Trade Finance သင်တန်း၊ Microfinance Operations Management နှင့် အခြား Management သင်တန်များ တက်ရောက်ခဲ့ပါသည်။

blank

သီတာလှိုင်၊ စီမံရေးရာဌာနမှုး

Ms.Thidar Hlaing သည် Head of Administration Department ရာထူးဖြင့် ၂၀၁၈ခုနှစ်၊ ဧပြီလတွင် စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပါသည်။ လုပ်ငန်းနယ်ပယ်အမျိုးမျိုးတွင် စီမံခန့်ခွဲရေးနှင့်ဆိုင်သော လုပ်ငန်းအတွေ့အကြုံ ၁၄ နှစ်ကျော် ရှိပြီဖြစ်သည်။ Ms.Thidar Hlaing သည် ၂၀၁၀ ခုနှစ်တွင် Association of Business Administration (ABE), UK မှ Advance Diploma in Business Administration၊ ၂၀၀၇ခုနှစ်တွင် South East Asia Ministry of Education Organization (SEAMEO CHAT) မှ Diploma in English Language Proficiency နှင့် ၁၉၉၄ခုနှစ်တွင် University of Yangon မှ B.Sc (Botany) အစရှိသည်တို့ ရရှိထားပါသည်။

blank

ထွန်းထွန်း၊ ဈေးကွက်ဌာနမှုး

မြန်မာလူမျိုး Mr.Htun Htunကို ၁၉၆၅ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် Head of Marketing Department အဖြစ် စ စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် Yangon University မှ စီးပွားရေးဘွဲ့ ရရှိခဲ့ပါသည်။ ၂၀၂၀ ခုနှစ်တွင် Yangon University of Economics မှ Master of Public Administration ရရှိထားပါသည်။ Mr.Htun Htun သည် မြန်မာနိုင်ငံတွင် FMCG ပစ္စည်းများ ဈေးကွက်ရှာဖွေခြင်း၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းနယ်ပယ်၌ လုပ်ငန်းအတွေ့အကြုံ နှစ် (၂၀) ကျော် ရှိပြီဖြစ်သည်။ ဂျပန်နှင့် အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ improvement of legal and regulatory business environment တိုက်ရိုက်ဝင်ရောက်မှုကို မြှင့်တင်အားပေးသော စီမံကိန်း၌ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့သော လုပ်ငန်းအတွေ့အကြုံလည်း ရှိပါသည်။

blank

နှင်းဝတ်ရည်၊ လုပ်ငန်းလည်ပတ်ရေးဌာနမှုး

မြန်မာလူမျိုး Ms.Hnin Wit Yee ကို ၁၉၈၄ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စထာပါနာလီမိတက်မြန်မာသို့ ဝင်ရောက်ခဲ့ပါသည်။ စထာပါနာလီမိတက်မြန်မာသို့မဝင်ရောက်မီ United Amara Bank Limited ၌ Relationship Manager အဖြစ်၎င်း၊ Ayeyarwaddy Bank Limited ၌ International Banking Department ၏ Executive အဖြစ်၎င်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ Banking and Financial Institution Sector တွင် လုပ်ငန်းအတွေ့အကြုံ (၄) နှစ်ကျော်ရှိပြီ ဖြစ်သည်။ Ms.Hnin Wit Yee သည် Bachelor of Statistics ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ Master of Public Administration (MPA) ၊ University of Thai Chamber of Commerce (UTCC, Thailand) မှ Master of Business Administration (MBA) ၊ ရန်ကုန်တက္ကသိုလ်မှ Diploma of International Relationship ၊ Temasek Polytechnic (Singapore) မှ Diploma of Tourism Management နှင့် HIDA (Japan) မှ Management Improvement for Executives အစရှိသည်တို့ ရရှိထားပါသည်။

blank

ဟန်ခွန်စရီယန်၊ သတင်းအချက်အလက်နည်းပညာ နှင့် စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် ဌာနမှုး

Mr.HAN Koemsreang ကို ၁၉၈၅ ခုနှစ်၊ ဧပြီလတွင် မွေးဖွားခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် Build Bright University မှ Bachelor Degree in Computer Science and Engineering ကို Information System အထူးပြုဖြင့် ရရှိခဲ့ပါသည်။ ကမ္ဘောဒီးယား၊ အိန္ဒိယနှင့် ဗီယက်နမ် အစရှိသည့် နိုင်ငံတို့တွင် IT နှင့် ပတ်သက်သော လေ့ကျင့်ရေးသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကိုလည်း တက်ရောက်ခဲ့ပါသည်။ Mr.Koemsreang သည် ဘဏ်လုပ်ငန်းနှင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ (၇) နှစ်ကျော်ရှိပြီ ဖြစ်သည်။ SATHAPANA Limited Microfinance ၊ KREDIT Microfinance Institution Plc ၊ Maruhan Japan Bank Plc နှင့် SATHAPANA Bank Plc တို့တွင် IT Technician and MIS Assistant ၊ Senior Core Banking Officer ၊ Core Banking System Manager အစရှိသည့်ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Mr.Koemsreang သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် SATHAPANA Limited Myanmar သို့ Head of IT and MIS Department အဖြစ် ဝင်ရောက်ခဲ့ပါသည်။

blank

နိုဇင်ဝင်း၊ အတွင်းစာရင်းစစ်ဌာနမှုး

Myanmar, born in 1987, joined SATHAPANA Myanmar as Deputy Head of Internal Audit on 25th January’2019. She has more than 9 years’ experience by starting in Auditor General of Yangon over four years and then left to work with Amazing Holiday Company Limited. Before joining SATHAPANA Myanmar, she worked as Head of Internal Audit at ASA Myanmar Microfinance Limited. She holds Bachelor of Commerce from Yangon Institute of Economics, Certified Public Accountant (Gold Medalist-first grade in Myanmar) from Myanmar Accountancy Council, Diploma in Business Law from Yangon University, Chartered Institute of Management Accountant-Strategic Level.