အလုပ်အကိုင်အခွင့်အလမ်း

စထာပါနာလီမိတက်မြန်မာသည် မြန်မာနိုင်ငံရှိ ကောင်းမွန်စွာအသိအမှတ်ပြုခံထားရသော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်နှင့်အညီ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းလျက်ရှိပါသည်။ စထာပါနာမှ အဓိပ္ပာယ်ပြည့်ဝသော အလုပ်အကိုင်များ၊ ထူးခြားကွဲပြားသော လုပ်ငန်းခွင်ယဉ်ကျေးမှုများကို ဖန်တီးပေးလျက်ရှိသည်။ စထာပါနာတွင် တာဝန်ထမ်းဆောင်ခြင်းဖြင့် တခြားလုပ်ငန်းခွင်တွင် မရရှိနိုင်သော အတွေ့အကြုံများရရှိနိုင်ပါသည်။ လူတိုင်း အောင်မြင်သော အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုနှင့် တစ်ကိုယ်ရေတိုးတက်မှု ဖန်တီးရန် အခွင့်အရေးများ ရှိပါသည်။ စထာပါနာသည် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်များတွင် ယှဉ်ပြိုင်လိုစိတ်ရှိသော၊ တက်ကြွသော၊ ပန်းတိုင်ရောက်ရန်စိတ်အားထက်သန်သော၊ အရည်အချင်းပြည့်ဝသောလူများ၏ အလုပ်လျှောက်လွှာများကို ဖိတ်ခေါ်လျက်ရှိပါသည်။

စထာပါနာမြန်မာမှ အောက်ပါရာထူးများကို ခေါ်ယူလျှက်ရှိပါသည်။

အလုပ်လျှောက်ထားနိုင်သောနည်းလမ်း။

စထာပါနာလီမိတက်မြန်မာ၏ အလုပ်အကိုင်အခွင့်အလမ်းများအား လျှောက်ထားရန် စိတ်ပါဝင်စားသူများသည် မိမိတို့၏အလုပ်လျှောက်လွှာများကို recruitment@sathapana.com.mm သို့ mail ပို့၍သော်၎င်း၊ သက်ဆိုင်ရာရုံးခွဲများ၌၎င်း၊ စထာပါနာ website မှ၎င်း တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ပါသည်။ ပညာအရည်အချင်း (ဘွဲ့) နှင့် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသော အလုပ်လျှောက်လွှာများကိုသာ ထည့်သွင်းစဉ်းစားပေးမည်ဖြစ်ပြီး ဆန်ခါတင်ရွေးချယ်ခံရသူများသည် ရေးဖြေ၊ နှုတ်ဖြေ၊ လူတွေ့မေးမြန်းခြင်းအတွက် ဖိတ်ကြားခံရမည်ဖြစ်သည်။

လျှောက်လွှာပုံစံ

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက ဖုန်း ၀၉၉၇၇၉၁၇၁၇၁ ဆက်သွယ်နိုင်ပါသည်။

အလုပ်သင်အစီအစဉ် နှင့် အလုပ်သင်အချိန်စာရင်း

စထာပါနာလီမိတက်မြန်မာသည် လူငယ်များ၏ စိတ်အားထက်သန်မှုနှင့် စွမ်းရည်အပေါ် ခိုင်မာစွာယုံကြည်သော အဖွဲ့အစည်းဖြစ်သည်။ အလုပ်သင်များနှင့် ဝန်ထမ်းများအတွက် အခွင့်အလမ်းများ ကမ်းလှမ်းနိုင်ရန် သစ်လွင်လတ်ဆတ်သောအကြံဉာဏ်များနှင့် ခွန်အားသစ်များကို အမြဲရှာဖွေလျက်ရှိသည်။ အလုပ်သင်များသည် အလုပ်သင်အခွင့်အလမ်းများမှတဆင့် သင်ယူခဲ့သည်များကို ပြန်လည်အသုံးချနိုင်ခြင်း၊ ဗဟုသုတများ တိုးလာပွားနိုင်ခြင်းအပြင် အဖိုးတန်သော လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများမှလည်း အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ အလုပ်သင်များသည် မည်သည့်လမ်းကြောင်းမဆို ရွေးစေကာမူ လက်တွေ့ကွင်းဆင်းဆောင်ရွက်ချက်များမှ နည်းပညာလုပ်ဆောင်ချက်များကို ပံ့ပိုးမှုပေးနိုင်ရန်၊ ဆောင်ရွက်နေဆဲ စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းဖြင့် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကို ရရှိနိုင်ပါသည်။ အလုပ်သင်များအနေဖြင့် ကြိုက်နှစ်သက်ရာ လုပ်ငန်းကို ရွေးချယ်နိုင်ပါသည်၊ တက္ကသိုလ်ကျောင်းသားများဖြစ်ပါကလည်း လက်လှမ်းမှီသော အလုပ်သင်အစီအစဉ်ကို လျှောက်ထားနိုင်ပါသည်။

• အလုပ်သင်အခွင့်အရေးများကို ချေးငွေစီစစ်ရေးဌာန၊ လုပ်ငန်းလည်ပတ်ရေးဌာန နှင့် ရုံးခွဲများမှ ကမ်းလှမ်းလျက်ရှိပါသည်။

• ရုံးခွဲတစ်ခုစီအတွက် အလုပ်သင်ဦးရေ ခန့်မှန်းခြေအားဖြင့် (၁၀)ဦးထိ လက်ခံပေးပါသည်။

• အလုပ်သင်အစီအစဉ်တွင် ပါဝင်ရန် တစ်နှစ်လျှင် (၂)ကြိမ် ကမ်းလှမ်းလျက်ရှိပါသည်။ ဧပြီ၊ မေတွင် ပထမအသုတ်၊ အောက်တိုဘာ၊ နိုဝင်ဘာတွင် ဒုတိယအသုတ် ခေါ်ယူလျက်ရှိပါသည်၊
သင့်အနာဂတ်ကိုမြှင့်တင်ပါ (Empower your future) – သင်သည် ကျောင်းသား (သို့) ကျောင်းပြီးကာစဆိုပါက ကျွန်ုပ်တို့ စထာပါနာတွင် သင့်အတွက် အလုပ်သင်အစီအစဉ်များရှိပါသည်။ သင်နှင့်ကိုက်ညီသော အလုပ်ကို ရှာဖွေကြည့်ပြီး အလုပ်သင်အစီအစဉ်သို့ ဝင်ရောက်နိုင်ပါသည်။